စန်တာအာနာ (Santa Ana)
foehn effect ကြောင့် အပူပိုချဲ့ခံရသော၊ ခြောက်သွေ့၍ အလွန်ပူနွေးသော အရှေ့မြောက်ကန္တာရလေတစ်မျိုးဖြစ်ပြီး၊ အောက်တိုဘာနှင့် မတ်လကြား − ဒီဇင်ဘာလအတွင်း အထွတ်အထိပ်ရောက်၍ − အမေရိကန်ပြည်ထောင်စု၊ California ပြည်နယ်၏ တောင်ပိုင်းနှင့် မက္ကဆီကို၊ Baja California ပြည်နယ်၏ အမြောက်ဆုံးပိုင်းတို့တွင် တိုက်ခတ်သည်။ ၎င်းသည် Santa Ana မြစ်ချိုင့်ဝှမ်းသို့ တိုက်ရိုက်တိုက်ခတ်ကာ ပြင်းအားများစွာ ရောက်ရှိသောနေရာဖြစ်သည့်အတွက် ဤအမည်ကို ရရှိသည်။ ဤလေကို ဖော်ပြပါ ရာသီအတွင်း US နယ်မြေကျယ်ပြန့်စွာတစ်လျှောက် အမြင့်ဖိအား လွှမ်းမိုးမှုကြောင့်၊ Rocky Mountains နှင့် Sierra Nevada ကြားတည်ရှိသော ကျယ်ပြန့်သော လွင်ပြင်ဖြစ်သည့် Great Basin တွင် စုပုံနေသော လေထုအစုအား ပယ်ထွက်မှုက ဖြစ်ပေါ်စေသည်။