ဇွန်ဒါလေ

အာဂျင်တီးနား နိုင်ငံအလယ်ပိုင်းတွင် မေလမှ အောက်တိုဘာလကြား ဦးစားပေးတိုက်ခတ်လေ့ရှိသည့် အလွန်ခြောက်သွေ့ပြီး၊ ပူနွေးကာ၊ ဖုန်မှုန့်များပါသော အနောက်လေတစ်မျိုးဖြစ်ပြီး၊ Cuyo ဒေသတွင်တည်ရှိသော အန်ဒီးတောင်တန်း၏ အရှေ့ကုန်းစောင်းအပိုင်းမှ ထွက်ပေါ်လာသည်။ မူလအားဖြင့် ၎င်းသည် အန်ဒီးတောင်တန်း၏ လေတိုက်ရာဘက် ကုန်းစောင်းများပေါ်တွင် မိုးများစွာကျစေပြီး၊ ထိုအပိုင်း၏ တောင်ထိပ်များတွင် နှင်းကျစေသော အအေးဓာတ်နှင့် စိုစွတ်သည့်လေတစ်မျိုးဖြစ်သည်။ လေကာဘက် (lee side) သို့ဆင်းသက်လာသောအခါ၊ ဖိုးအန်ဓာတ်သက်ရောက်မှု (foehn effect) ကြောင့် တဖြည်းဖြည်းပူနွေးလာပြီး၊ အပူချိန်ကို ဒီဂရီစင်တီဂရိတ် ၄၀ ခန့်အထိ သိသိသာသာမြင့်တက်စေသည်။ sondo ဟုလည်း ခေါ်ဆိုကြသည်။