ခြောက်သွေ့သောမိုးကြိုးမုန်တိုင်း
မိုးရွာခြင်း အနည်းငယ်သာရှိသော (သို့) လုံးဝမရှိသော မိုးကြိုးမုန်တိုင်းတစ်မျိုးဖြစ်သည်။ ဤမုန်တိုင်းအမျိုးအစားသည် ပတ်ဝန်းကျင်တွင် ခြောက်သွေ့မှုအလွန်များသောနေရာများတွင် အဓိကဖြစ်ပေါ်လေ့ရှိပြီး၊ မုန်တိုင်းတိမ်၏ အောက်ခြေနှင့် မြေကြီးမျက်နှာပြင်ကြားရှိလေထုတွင် စိုထိုင်းဆအနည်းငယ်သာရှိသောအခါ၊ မိုးရေ သို့မဟုတ် မိုးသီးများ၏ ကန့်လန့်ကာများသည် မြေပြင်သို့မရောက်မီ လုံးဝတွင်ခြောက်သွားတတ်သည်၊ သို့မဟုတ် များသောအားဖြင့်ပြောလေ့ရှိသည့်အတိုင်း အများဆုံး မိုးရေစက်အနည်းငယ်သာ ကျလေ့ရှိသည်။