မီးခိုး
မစုံလင်သောလောင်ကျွမ်းမှု၏ ရလဒ်ဖြစ်၍ − အချင်း မိုက်ခရွန်တစ်ရာပုံတစ်ပုံ (0.01 μm) ထက် သေးငယ်သော − လေထုအတွင်း ငြိမ်နေသော အခဲငယ်ကလေးများအစု တစ်ခုပါဝင်သည့် lithometeor တစ်မျိုးဖြစ်သည်။ မီးခိုးသည် အဆိပ်သင့်စေပြီး၊ သဘာဝထွက်ရင်းအမြစ် (လူတို့ ဖြစ်ပွားစေခြင်းမဟုတ်သော တောမီးများ) သို့မဟုတ် လူသားဖြစ်ပွားစေသောအမြစ် (ယာဉ်စီးနင်းမှု၊ အပူပေးခြင်း၊ ဆေးလိပ်၊ စက်ရုံများ...) ရှိနိုင်သည်။