လစ်ပ်စ်

ဂရိဒဏ္ဍာရီထဲတွင် အနောက်တောင်လေတိုက်ဒေဝါအား ခေါ်ဝေါ်သည့်အမည်ဖြစ်ပြီး၊ Libis ဟုလည်း လူသိများသည်။ သူသည် လစ်ဗျားနိုင်ငံမှလာသောလေဖြစ်သည်။ အေသင်မြို့ရှိ လေတိုက်တာဝါ (Tower of the Winds) တွင် သူ့ကို အတောင်ပံရှိသော၊ မုတ်ဆိတ်မထွက်သေးသောလူငယ်တစ်ဦးအနေဖြင့် ဂါဝန်ဝတ်ဆင်ပြီး လက်ထဲ၌ လှေတစ်စင်း၏ တက်လှော်ကိုင်ထားသည့်အနေအထားဖြင့် ပုံဖော်ထားသည်။ ရောမဒဏ္ဍာရီတွင် ၎င်း၏ညီမျှသောဒေဝါမှာ အာဖရိကမှလာသော လေတိုက်ဒေဝါ Africus ဖြစ်သည်။