မိုးဖွဲ

၀.၅ မီလီမီတာအောက်ရှိသော ရေစက်ငယ်များ၏ မိုးရွာသွန်းမှုဖြစ်ပြီး၊ ဤသေးငယ်သောဟိုက်ဒရိုမီတီယာ(hydrometeor)များ ပျံ့နှံ့မှုသိပ်သည်းသောကြောင့် တိမ်တစ်ခုမှ ညီညာသောကန့်လန့်ကာသဖွယ် ဖြစ်ပေါ်ရွာသွန်းသည်။ ရေစက်များသည် ရေအေးလွန်ရေ(supercooled water)ဖြစ်ပါက၊ အေးခဲမိုးဖွဲ(freezing drizzle)ဟုခေါ်သော ဖြစ်ရပ်ကိုရရှိသည်။