ရှာဂျီ

မော်ရိုကိုနိုင်ငံတွင် ဆာဟာရသဲကန္တာရမှ တိုက်ခတ်လာသော အလွန်ပူနွေး၍ အလွန်ခြောက်သွေ့သော အရှေ့နှင့် အရှေ့တောင်လေတစ်မျိုးဖြစ်သည်။ ရှာကီ (sharqi) ဟူ၍လည်း ဖော်ပြလေ့ရှိသည်။ ဤနောက်စကားလုံးသည် "အရှေ့ဘက်မှလာသော" ဟု အဓိပ္ပာယ်ရှိသော အာရဗီစကား šarquīa မှ ဆင်းသက်လာသည်။ စီရိုကို (sirocco) နှင့် ညီမျှသည်။

ဆက်စပ်ဝေါဟာရများ: စီရိုကို (Sirocco)