လေတက်စီး

လေထုအတွင်း အထက်သို့ တက်လာသော လေစီးအဟုန်တစ်ခုဖြစ်သည်။ လေထုအစုအတွင်း ဖြစ်ပေါ်သော ဒေါင်လိုက်အထက်သို့ တက်ခြင်း လှုပ်ရှားမှုများသည် ကွန်ဗက်ရှင် (convection) ဟု ခေါ်သော လေထုပူနွေးလှုပ်ရှားမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။